Saturday, December 1, 2007

ရင်ခုန်သံ ................

မျှော်လင့်လို့မရတဲ့ ……
မျှော်လင့် ချက်တွေကို တမ်းတရင်ခုန်နေသူ.
ငါလောက်အပေါစား ဆန်တာ …….
ကမ္ဘာမှာ ရှိပါအုံးမလား ……………………….။

အားလုံးနဲ့သက်ဆိုင်တဲ့ ၀န်းကျင်တစ်ခုမှာ …………
အပြုံးနုနုလေးနဲ့ .. လတ်တလောရင်းနှီးခဲ့ရတယ် …….

နာရီပေါင်းများစွာ သေဆုံးခံပြီး ………..
မင်း နှုတ်ခမ်းလေးကို ငေးမောခဲ့တဲ့ကောင် ……………..။

မအိပ်ရပေမယ် ပျော်တယ် ……
စကားပြောရင်း မိုးလင်ခဲ့တဲ့ …………
ငါ့ ရဲ့ သွေးရူးသွေးတမ်းည ……….
မှော်ဆရာလို စိတ်ကူးနဲ့ ခဏ ခဏ အသက်သွင်းဖြစ်တယ် ………..
ကောင်မလေး ………………….ရယ် ………………………………။

No comments: